တာချီလိတ်မှာ အမျိုးသားတစ်ဦးကို သေနတ်နှင့်အတူ ဖမ်းမိ

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသတင်းအရ ဇူလိုင်လ ၃ ရက်နေ့တွင် တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်း ဝမ်ဟောင်ရွာရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အောင်သူရဝင်းဆိုသူအား အသင့်တွေ့ရပြီး ကုတင်ခြေရင်းမှ တူရကီနိုင်ငံထုတ် BLOW TR 14 AUTO တံဆိပ်ပါသည့် ပစ္စတိုသေနတ် (၁)လက် နှင့် ကျည်ဆံ အတောင့်(၂၀)တိုကို ရှာဖွေတွေ့ရှိ သိမ်း ဆည်းရမိခဲ့တယ်လို့သိရပါတယ်။