ရော်နယ်ဒိုတစ်ယောက် ငိုကြွေးခဲ့ရပြီးမှ ပင်နယ်တီအဆုံးအဖြတ်မှာ ပြုံးပျော်နိုင်ခဲ့တာပါ။ သူ့ကို ကယ်တင်ခဲ့တာကတော့ ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာပါပဲ။
ရော်နယ်ဒိုက အချိန်ပို နာရီဝက်ရဲ့ ပထမပိုင်းမှာ ပင်နယ်တီ မဝင်ခဲ့ဘူး။ အဲ့ဒါကြောင့်ပဲ ငိုကြွေးခဲ့ပြီးတော့ အသင်းဖော်တွေကတောင် သူ့ကို ဝိုင်းပြီး နှစ်သိမ့်ပေးခဲ့ရတာ။
ဒီလိုနဲ့ပဲ ပင်နယ်တီအဆုံးအဖြတ်ရောက်ချိန်မှာတော့ ရော်နယ်ဒီုအပါအဝင် ပေါ်တူဂီ ကစားသမားတွေ တစ်ယောက်မှ အမှားအယွင်းမရှိခဲ့ဘူး။ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့က ပင်နယ်တီတွေကို ဝင်အောင်ကန်ခဲ့တယ်။
ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာက ဆလိုဗေးနီးယားရဲ့ ပင်နယ်တီသုံးလုံးစလုံးကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တယ်။ ဒီပွဲမှာသာ ပေါ်တူဂီတို့ ရှုံးသွားခဲ့ရင် အရင်ဆုံးရင်ကွဲရမှာ ရော်နယ်ဒိုပါ။ ဒါပေမယ့် သူ ကံကောင်းသွားခဲ့ပြီး ဒီယိုဂိုကော်စတာက ရော်နယ်ဒိုအတွက် ကယ်တင်ရှင်တစ်ယောက်ဖြစ်ခဲ့ပါပြီ။