နိုင်ငံရေးပါတီများမတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ရခိုင်အမျိုးသားပါတီ (Arakan National Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရင် စုံညီအစည်းအဝေး အမတ်စဉ် (၁၁/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ဇူလိုင် ၁ ရက်နေ့ ရက်စွဲဖြင့် ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။
ရခိုင်အမျိုးသားပါတီ ( ANP) ၏ ပါတီမှတ်ပုံတင်ခွင့်ကို UEC ငြင်းပယ်
