အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့ရှိ ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါရုံးများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ဩဂုတ်လ ၁၃ ရက်တွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး အမိုးလဲလှယ်နေမှု၊ မြို့နယ်ဦးစီးမှူးရုံး၊ အဆောက် အအုံနံရံများနှင့် ပြတင်းတံခါးများပြင်ဆင်နေမှု၊ မြို့နယ်အခွန်ဦးစီးဌာနရုံး၊ ကြမ်းခင်းများ ပြန်လည်ပြုပြင်နေမှု၊…