ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်လ၂၈ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်(နဂါးလှေလှော်)ပြိုင်ပွဲ (Internation Sports Festival Altai Regatta. Dragon Festival ) ပြိုင်ပွဲကို ယနေ့ဒေသစံတော်ချိန် ၂ နာရီ ၄၀ မိနစ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားအဖွဲ့မှ မီတာ(၂၀၀) အမျိုးသား (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)ဆုနှင့် မီတာ (၅၀၀) အမျိုးသား (၁၀) တက်လှော်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)ဆုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် ပထမဆုဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။


