မန္တလေးတိုင်း
ဇွန်လ ၂၈ ရက်၊ နေ့လည် ၁ နာရီခွဲခန့်က မိုးကုတ်မြို့နယ် ရွှေမြင်းဝင်ဘုန်းကြီးကျောင်း သို့ အကြမ်းဖက်အင်အား ၅၀ ဦးခန့်ကလည်းကောင်း၊ ကျပ်ပြင်ရဲစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်ကလည်းကောင်း drone၊ လက်နက် ကြီး/ ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၅၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့။
ရှမ်းပြည်(မြောက်ပိုင်း)
ဇွန်လ ၂၉ ရက် မိုးမိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၄ နေရာမှ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ TNLA ၃ လောင်း၊ Type(81) ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့် သိမ်းဆည်းရမိခဲ့။
ကချင်ပြည်နယ်
ဇွန်လ ၂၉ ရက် ဗန်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် KIA နှင့် အကြမ်းဖက်အင်အား ၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ပစ်ကျင်း ၅ ကျင်း၊ ဘီဇူကာဒုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့.
ရှမ်းပြည်နယ်(မြောက်ပိုင်း)
ဇွန်လ ၂၉ ရက် နောင်ချိုမြို့ နယ်မြေခံတပ်ရင်းအနီးရှိ မင်္ဂလာပါဆီဆိုင်အနီးနှင့် နမ့်ဆောင်ဟူးကျေးရွာတစ်ဝိုက်သို့ TNLA နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က (၁) ကြိမ်၊ ရန်သူအင်အား ၇၀ ဦးခန့်က (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အလောင်း ၂ လောင်း၊ လက်နက် ၂ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့။
အတည်ပြုဆဲသတင်းများအရ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်များအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် တပ်မတော်မှ လေကြောင်းမှ ကင်းထောက်ပြီး TNLA၊ PDF အခြေပြုနေရာများကို ဗုံးအများအပြား ကြဲချတ်ိုက်ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင်များ အများအပြား သေဆုံးပြီး သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို တုန်ဖုန်းကားများဖြင့် သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ များ၏ ပြောကြားချက်များအရ သိရှိရပါသည်။
ရခိုင်ပြည်နယ်
ဇွန်လ ၂၉ ရက် ည ၇နာရီခန့်အချိန်ထိ သံတွဲမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် သံတွဲလေဆိပ်များသို့ AA သကသ အင်အား(စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ နေရာ ၅ နေရာမှ ရန်သူအင်အား ၁၈၀ ဦးခန့်က လက်နက်ကြီး/ငယ် Drop Bomb ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
စစ်ကိုင်းတိုင်း
ဇွန်လ ၂၉ ရက် ကောလင်းမြို့အနီး ကြူတောရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား KIA+PDF ပူးပေါင်းအင်အား ၂၅ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ KIA ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့။
မန္တလေးတိုင်း
ဇွန်လ ၂၉ ရက်၊ ပြင်ဦးလွင်မြို့မြောက်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာနေရာသို့ ပျံသန်းလာသည့် ရန်သူ့ Drone ၁ စီးအား တွေ့ရှိသဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun ဖြင့် ပစ်ခတ် ဆွဲချခဲ့ရာ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာသို့ ပျက်ကျခဲ့သဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ –
ရန်သူ့ Drone ၁ စီးအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ဆက်လက်ရှင်းလင်းစဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်ခဲ့ရာ ရန်သူသည် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း အမ်အေ(၁) လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈၄ တောင့်၊ လွယ်ကြိုး ၁ ချောင်း၊ Drone ၁ စီး သိမ်းဆည်းရမိခဲ့။ #Crd
