ပဲခူး- ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်စီးဟာ ဆိုင်ကယ်ကို တိမ်းရှောင်ရာကနေ အရှိုန်လွန်စလစ်ဖြစ်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်ဟာ ဒီကနေ့ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှတ် (၂)လမ်းမ၊ ရထားသံလမ်းကွေ့(ရှမ်းတဲကြီး ရေကန်အနီး)မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိမ်းမှောက်ခဲ့တဲ့ယာဥ်က ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ကမ္ဘာကျော်ခရီးသည်တင်ယာဉ်ဖြစ်တယ်လို့ သိရပြီး ဒဏ်ရာရသွားတဲ့ လူနာ ၉ ဦးကို မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ပေးထားရတယ်လို့ သိရပါတယ်။
𝙈𝙃𝙏𝙉𝙀𝙒𝙎


