ယနေ့ ဇွန်လ (၂၅) ရက် နံနက်အစောပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ကျောက်မဲမြို့အတွင်းသို့ လက် နက်ကြီးကျည်ကျရောက်သဖြင့် ထိခိုက်သေဆုံးမှုများရှိနေကြောင်းဒေသတွင်းသတင်းများအရ သိရပါတယ်။
ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက်(၈)၊ အခွန်လွတ်ဈေးအနီး လက်နက် ကြီးကျည်ကျရောက်ခဲ့ရမှ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ #Crd