ထိုင်းနိုင်ငံ မဲဆောက်နဲ့ မဲလမဲ့ခရိုင်တွေကို လိပ်မူပြီး ပို့ဖို့ပြင်နေတဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်း ၅၈ ခုကို ထိုင်းတာဝန်ရှိသူတွေ ဖမ်းဆီးလိုက်ပါတယ်။ တရားမဝင်နဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်တဲ့ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဆိုင်ရာ DES ဝန်ကြီးအဖွဲ့က ဒီနေ့ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက လိပ်စာတွေတပ်ထားတဲ့ Starlink ဂြိုဟ်တုတွေကို ချန်သာဘူရီ (Chanthaburi) ပြည်နယ်ထဲက ပါဆယ်ပို့လုပ်ငန်းဆိုင်တခုမှာ ဖမ်းမိတာဖြစ်တယ်လို့ DES ဝန်ကြီးဌာနဝန်ကြီး Prasert Jantararuangthong ရဲ့အပြောကို ဘန်ကောက်ပို့စ် သတင်းစာမှာရေးပါတယ်။ တရားမဝင်သွင်းလာတဲ့ Starlink ဂြိုဟ်တုတွေဟာ မြန်မာနယ်စပ်နားက တရားမဝင်အဖွဲ့တွေဆီပို့ပေးဖြစ်တယ်လို့ ထိုင်းတာဝန်ရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း (Chanthaburi) ချန်သာဘူရီပြည်နယ်၊ Pong Nama Ron ခရိုင်မှာ Starlink ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာတွေ ထည့်ထားတဲ့ ပုံး ၆ ပုံးကို ထိုင်းရေတပ်က သိမ်းဆည်းမိခဲ့ပါတယ်။
CRD//