ကချင်ပြည်နယ်ထဲက K-PDF တွေရဲ့ စားမာန်ခုတ်ပွဲနဲ့ ဘေးတီးပေးနေတဲ့ KIA ကြောင်ဖားကြီး

  • လမ်းမှားပြီး KIA ထဲအတူတူဝင်လာခဲ့ကြတဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ဆရာတင်မှားမိတဲ့ KIA ရဲ့အကျိုးစီးပွား တိုက်ပွဲတွေမှာ ရှေ့ကတိုက်ရင်း 
    ကိုယ့်မျက်စိရှေ့မှာတင် တဖြုတ်ဖြုတ်နဲ့ သေသွားကြတာလည်း မနည်းမနော၊ ဒါလည်းပဲ  K-PDF ဆိုတဲ့ ပဒက်တွေက အမှတ်မရှိဘူး၊
  • ခုနောက်ပိုင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ မတန်လို အသေခံမတိုက်နိုင်ဘူးဆိုပြီး KIA ကိုပြန်ခံပက်ထားပေမယ့် ကိုယ့်အချင်းချင်းတည့်လားဆိုတော့လည်း တစ်မြိုနယ် ၂ ဖွဲကွဲ၊ ဝေစုမတည့်‌တွေဖြစ်၊
    “မင်းကျများတယ်၊ ငါ့ကျနည်းတယ်”
    “ငါ့‌ဝေစုလည်းငါအပြည့်ယူမယ်”
    “မင်း‌‌ဝေစုထဲကလည်း ငါ့‌ပေးရမယ်” တွေနဲ့အချင်းချင်း စားမာန်ခုတ်ပြီး ရန်စောင်နေကြသတဲ့။ ကောင်းရော။
  • ဒီလိုအခြေအနေမှာ KIA က ဝင်ဖြန်ဖြေသလိုလိုနဲ့ ၂ ဖွဲအင်အားညီသွားရင် ခွဲတမ်းလည်းအတူတူရမှာမို အင်အားနည်းတဲ့အဖွဲခေါင်းဆောင်ကိုပဒက်အင်အား စုဆောင်းပြီးထပ်ဖြည့်ဖို အကြံပေးတယ်တဲ့။

“အ” တယ်နော်၊ ကြောင်ဖားကြီး KIA က😂😂😂

  • ၂ ယောက်ရှိရင် ၃ ဖွဲကွဲတတ်တဲ့ ဗမာတွေထုံးစံအတိုင်း ဒီပဒက်တွေလည်း KIA နဲ့ဖြစ်လိုက်၊ အချင်းချင်းအပြန်အလှန်ဖြစ်လိုက် ကွဲကြ၊ ပြဲကြရင်းနဲ့ပဲ သိပ်မကြာခင်မှာပဲ မျိုးတုန်းပျောက်ကွယ်သွားမှာပါပဲ။
  • ကချင်ပြည်နယ်ထဲက K-PDF တွေရဲ့ ဒီလိုအကွဲအပြဲသတင်းတွေက တစ်နေ့ထက်တစ်‌နေ့ ဆိုးသထက်ဆိုးလာ‌‌နေပြီး ဒီအခြေအနေက ပဒက်တွေဟာ KIA ကို‌လည်းမယုံ၊ ပဒက်အချင်းချင်လည်း မယုံနဲ့ ပျက်စီးကိန်းဆိုက်တော့မယ့် လက္ခဏာ အရိပ်အယောင်ကို ပြနေတာပဲဖြစ်ပါတယ်။
  • KIA နဲ့ K-PDF ပဒက်တွေရဲ့ ဒီအကွဲအပြဲတွေက  နိုင်ငံတော်အစိုးရနဲ့တပ်မ‌တော်အတွက် ကတော့
  • ပြောင်းပြန်အချိုးကျ သီအိုရီအရ ကောင်းမွန်တဲ့ လက္ခ‌ဏာကို ပြသနေခြင်းပဲဖြစ်ပါတယ်။
  • #မြစ်ဆုံသတင်းဌာန