မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ🌷

ဆေးဖိုးတွေက အရမ်းဈေးကြီးလို့
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ ။

ခံစားချက်တွေက ပြင်းထန်လို့
အတွေးဆိုးတွေကို ရပ်တန့်ပေးပါ ။

နောင်တတွေက ပူလောင်ရလို့
အကျိုးမဲ့အလုပ်တွေကို ရှောင်ရှားပါ ။

ဒေါသတွေက ထိခိုက်လွယ်လို့
ကြာရှည်မှုတွေကို ဖြတ်တောက်ပါ ။

သည်းခံခြင်းတွေက အကျိုးများလို့
အောင်မြင်မှုရဖို့ များများမွေးမြူပါ ။

ရောင့်ရဲမှုတွေက ပြည့်စုံစေလို့
အရာရာမှာ အလိုနည်းစွာနေထိုင်ပါ ။

ပေးကမ်းမှုဟာ ချစ်သူများစေလို့
တတ်နိုင်သမျှတော့ ပေးကမ်းပါ ။

နာလည်းပေးခြင်းဟာ အပူငြိမ်းလို့
နှလုံးသွင်းမှန်စွာ ကျင့်သုံးပါ ။

ကိုယ့်အတ္တကိုပဲ ချစ်ကြတာများကို
ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်ပါ ။

အချိန်တန်ရင် ထွက်ခွာသွားရမှာမို့လို့
ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏