ပြည်သူ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ  ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ လျှော့ပေါ့ခွင့်ရသူများ

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

( က ) လျှောက်ထားသူ၏မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း  ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊  နိုင်ငံ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပါ ကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ  ၎င်းထမ်းဆောင် ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ  လျှော့ပေါ့ပေးနိုင်သည်။

( ခ ) လျှောက်ထားသူ၏မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူ ခဲ့သူ ဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူအားဥပဒေအရ  ၎င်းထမ်း ဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ  လျှော့ပေါ့ပေး နိုင်သည်။

( ဂ ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့် ကာလ  အတွင်း ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့် နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလအား  လျှော့ပေါ့ပေးနိုင်သည်။