ဧရာဝတီမီဒီယာကရေးထားတဲ့ စစ်ကိုင်းတိုင်း သပြေသာရွာဖြစ်စဉ်မှာ လေကြောင်းနဲ့တိုက်ခိုက်လို့ သေဆုံးခဲ့ကြောင်း ရေးထားတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်က စစ်ကိုင်းမြို့နယ်ထဲက သပြေသာရွာ ဘုန်းကြီးကျောင်းနဲ့ မုံရွာအနီးရှိ ညောင်ပင်တဲရွာစာသင်ကျောင်းမှာ အကြမ်းဖက် PDF (ပကဖ၊ ပလဖ၊ ပအဖ) တွေ ၂၀၀ ဦးခန့် အစည်းအဝေးလုပ်နေတာကို PDF တွေကို နာကျည်းမုန်းတီးနေတဲ့ သပြေသာရွာသားတစ်ဦးက အစည်းအဝေးလုပ်မယ့်နေရာ၊ လူစုံမယ့်အချိန်ကို အတိအကျသတင်းပေးလို့ လေယာဉ်နဲ့ဗုံးကြဲတာ အကြမ်းဖက် PDF တွေ ၅၇ ယောက်လောက်သေပြီး တော်တော်များများ ဒဏ်ရာရသွားတယ်လို့သိရတယ်။ ဧရာဝတီမီဒီယာက သပြေသာရွာ ၁၃ ယောက်သေတယ်လို့ရေးတယ်။ အမှန်က သပြေသာနဲ့ ညောင်ပင်တဲ နှစ်ရွာပေါင်း ၅၇ ယောက် သေသွားတာဖြစ်ပါတယ်။
ညောင်ပင်တဲရွာမှာသေတဲ့ အရေအတွက်ကများတော့ ကားအကြီး ၂ စီးနဲ့သယ်ထုတ်သွားတယ်လို့သိရပြီး အခုလက်ရှိ ဒဏ်ရာရနေတဲ့ထဲမှာလည်း ဒဏ်ရာပြင်းထန်လို့သေမည့်လူနာတွေ ရှိသေးတယ်လို့ သတင်းရထားပါတယ်။
ဧရာဝတီမီဒီယာမှာရေးထားတာ မျက်နှာတွေ တောင်မမှတ်မိတော့ဘူးပြောတယ်။ ပျောက်သွားတဲ့ DB တွေလည်းအများကြီးပဲဆိုတဲ့သတင်းက သပြေသာရွာမှာ ဖြစ်ပါတယ်။ စစ်တပ်ကသတင်းအတိအကျရလို့ကို အချိန်ကိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
အကြမ်းဖက်က အကြမ်းဖက်အလုပ်လုပ်နေလို့ စစ်တပ်ကလည်း စစ်တပ်အလုပ်လုပ်တယ်လို့ ပြောရမှာပါပဲ။ ဒေသခံ ပြည်သူလို့ သုံးနှုန်းတဲ့စကားအရ အကြမ်းဖက်တွေ အစည်းအဝေး လုပ်တဲ့နေရာမှာတော့ အကြမ်းဖက်နဲ့ အကြမ်းဖက်အားပေးသူပဲရှိမှာအသေအချာပါပဲ။ အေးချမ်းမှုကို နှစ်သက်တဲ့ ပြည်သူကတော့ အလကားနေရင်း အကြမ်းဖက်သမားတွေ အစည်းအဝေးလုပ်နေတဲ့ နေရာမှာမရှိသလို ရှိနေခဲ့ရင်လည်း သတင်းပေါက်မှာစိုးလို့ ဘယ်အကြမ်းဖက်မှ လက်မခံဘူး။ ဒါကိုလက်မခံချင်လည်း လက်ခံရမယ်။
ပြောချင်တာက အကြမ်းဖက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဘယ်နေရာ ဘယ်လိုပဲရှိနေပါစေ စစ်တပ်ကတော့ ကျေးရွာတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေဒေသတည်ငြိမ်ရေးအတွက် အကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းတိုက်ခိုက်ရမှာတော့ သူ့တာဝန်ပါပဲ။#Crd