Breaking News

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းမှာ ကလေးတွေ ထမင်းစားချိန် ကျောင်းဝန်းအတွင်း၌ ၄၀ မမ ဗုံးသီးတစ်လုံးတွေ့ရှိတဲ့အတွက် ကလေးငယ်များက ယူဆောင်ပြီး ဆရာမကို သွားရောက်ပြသချိန် လက်က ပြုတ်ကျပြီး ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ဗုံးသီးဟာ ကျောင်းဝန်းအတွင်း ဘယ်လို ရောက်ရှိနေတယ်ဆိုတာ စုံစမ်းနေဆဲဖြစ်ပေမယ့် ကျောင်းဖွင့်ရင် သတ်ဖြတ်တိုက်ခိုက်မယ်ဆိုပြီး PDF အကြမ်းဖက်များမှ ခြိမ်းခြောက်နေတာတွေ နေရာအချို့မှာဖြစ်ပွားလျက်ရှိပါတယ်။ #Crd