လူသားတွေဆိုတာ
သံသရာ ရေပြင်ကျယ်ကြီးမှာ
ကူးခပ်လှော်ပြီး သွားနေကြရတာပါ ။
သူများခန္ဓာလှေကြီးက
ဘယ်လိုညာလို ဖြစ်တယ်ဆိုပြီးတော့
အများအကြောင်းကိုပဲ
ဝေဖန်ပြီးတော့ အချိန်ကုန်မနေပါနဲ့ ။
ကိုယ့်ရဲ့လှေဟာလည်း
ပေါက်နေတယ်ဆိုတာကိုနားလည်ပါ ။
ကိုယ်မမြုပ်အောင်
ကိုယ့်မှာ ဂရုစိုက်ရမယ့် တာဝန်ရှိသလို
ကမ်းတစ်ဘက်ရောက်အောင်လည်း
လှော်ဖို့ ကိုယ့်မှာတာဝန်ရှိပါတယ် ။
သူများကိုတော့ ပြင်စေချင်
ကိုယ့်မှာတော့ ဆင်ခြေတင်နေရင်
ကိုယ်ပဲ ဆုတ်ယုတ်နစ်နာကြရမှာပါ ။
မကောင်းဉာဉ်ရှိလျှင်
ကောင်းဖို့ကြိုးစားပြီး ပြင်သင့်သလို
ကောင်းတဲ့အစဉ်လာရှိရင်လည်း
မပျောက်အောင် ထိန်းသင့်ပါတယ် ။
ကိုယ်ကောင်းမှ ရှေ့ကိုရောက်နိုင်လို့
မကောင်းတာတွေ မရှာကြည့်ပဲ
ကိုယ်လမ်းမှန်စွာ လျှောက်လှမ်းပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏