နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေ

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေထဲမှာ ရောက်ရှိနေတဲ့ PDF လေးတွေဘဝဟာ EAOs အဖွဲ့တွေရဲ့ လူမျိုးရေး၊ သူတို့ထိန်းချုပ်နယ်မြေ ချဲ့ထွင်ရေးတိုက်ပွဲတွေမှာ ရှေ့တန်းကျကျ တိုက်ခိုက်ခိုင်းနေလို့ ထိခိုက်ကျဆုံးမှု အလွန်များပြီး ပြန်လမ်းမရှိဖြစ်နေပါတယ်။

အညာဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုတွေ၊ အာဏာပါဝါပြမှုတွေ၊လက်နက်ကိုင် ကိုယ်ကျိုးရှာ (ဓားပြတိုက်၊ အာဏာလု) လုပ်ရပ်တွေ အများအပြားဖြစ်လာပြီး အညာဒေသဟာ ကြေမွနေရပါတယ်။

ပြည်ပရောက် NUG ထိပ်ပိုင်းနဲ့ PDF အကြောင်းပြအလှူခံ လုပ်စားနေသူများရဲ့ ကိုယ်ကျိုးရှာမှုတွေကြောင့် အချင်းချင်းစိတ်ဝမ်းကွဲပြီး ရောက်ရှိရာနိုင်ငံတွေမှာ ကိုယ့်မိသားစု ကောင်းစားရေးကိုသာ အဓိကလုပ်ဆောင်နေကြပါတယ်။

ပြည်တွင်းက NLD, NUG, PDF ထောက်ခံသူတွေဟာ တဖြည်းဖြည်းနဲ့ တော်လှန် ရေး လမ်းကြောင်းလွဲလာတာကို သိရှိနားလည်လာပြီး စစ်တပ်ကို မကြိုက်သော် လည်း NLD အစွန်းရောက်နဲ့ NUG, PDF အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံအားပေးမှု လျော့ကျလာလျက်ရှိပါတယ်။