မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကိုယ်ကောင်းဖို့ပဲကြိုးစားပါ🌷

ကိုယ့်မှာလည်း အမှားမကင်းပဲနဲ့
အများကိုပဲ အပြစ်မတင်ချင်ပါနဲ့ ။

ကိုယ့်မှာ အရည်းချင်းမရှိပဲနဲ့
အရည်ချင်းရှိသူတွေကိုမဝေမဖန်ပါနဲ့ ။

ကိုယ့်မှာ ချော်နေပါလျှက်
သူများကိုလည်း မအော်ချင်ပါနဲ့ ။

ကိုယ်တိုင် ပျက်နေလျှက်နဲ့
သူများဘ၀ကို မထိုးနစ်ချင်ပါနဲ့ ။

ကိုယ့်စိတ်ကို ဆုံးမနိုင်မှ
လူတော်လူကောင်းဖြစ်နိုင်သလို

ကိုယ့်အပြစ်ကိုမြင်တတ်မှ
လူပညာရှိတွေ ဖြစ်နိုင်ကြပါတယ် ။

အတင်းပြောမယ့်အချိန်လေးကို
အလင်းဖြစ်အောင် နေထိုင်ပါ ။

အငြင်းပွား ဖြစ်မယ့်အချိန်ကို
စိတ်ထားမကျဥ်းအောင်ကြိုးစားပါ ။

အကျိုးမရှိတဲ့ သဘောတရားနဲ့
မငြှိကပ်အောင် နေထိုင်ပြီးတော့
မြင့်မြတ်တဲ့ဘ၀ကိုတည်ဆောက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏