PNA/PNOဆိုတာ ဘယ်လိုအဖွဲ့အစည်းလဲ

အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/A)ဖွဲ့စည်းပုံကိုလေ့လာကြည့်ရင် ပအိုဝ်းအမျိုးသားတပ်မတော်PNA နှင့် အုပ်ချုပ်ရေးအဖွဲ့(PNO)ဆိုပြီး နှစ်ဖွဲ့ရှိပါတယ်။ ဒါအပြင် PNOနှင့်PNA အတွင်းမှတာဝန်ရှိပုဂ္ဂိုလ်အချို့ကို အရပ်ဖက်ပြောင်းပြီး ပအိုဝ်ႏစာယဥ် အခြားအရပ်ဖက်အဖွဲ့အစည်းများ မြို့မိမြို့ဖများ ပအိုဝ်းကျေးလက်ဒေသမှ သြဇာရှိပဂ္ဂိုလ်များတို့နှင့်စုပေါင်းပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဆိုသည့်အဖွဲ့ကိုလည်းဖွဲ့စည်းထားဒါကို တွေ့ရပြန်ပါတယ်။

အထူးဒေသ(၆)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNO/Aရဲ့ မူဝါကိုကြည့်ရင်လည်း ရန်သူမရှိမိတ်ဆွေသာရှိတယ်ဆိုသည့်အချက်ကို ခိုင်ခိုင်မာမာတွေ့ရပါတယ်။ PNO/Aရဲ့အဓိကလုပ်ဆောင်ချက်သည် ပအိုဝ်းဒေသဖွံ့ဖြိုးတည်ငြိမ်ရေးနှင့် ပအိုဝ်းလူမျိုးရသင့်ရထိုက်တဲ့အခွင့်အရေးကို ဥပဒေဘောင်တွင်းကနေကြိုးစားလုပ်ဆောင်ခြင်းဖြစ်ပြီး တည်ဆဲအစိုးရ၊ အခြားလက်နက်ကိုင်ဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများတို့နှင့် ပူးပေါင်းလုပ်ဆောင်သောအဖွဲ့အစည်းဖြစ်ပါတယ်။

PNO/Aသည် လက်နက်ကိုင်ဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း စစ်ပွဲကိုမလိုလားသည့်အဖွဲ့အစည်းဖြစ်ပြီး လူမျိုး နယ်မြေနှင့် အဖွဲ့အစည်းကို ခုခံကာကွယ်ရန်အတွက်သာ လက်နက်ကိုင်ဆောင်းခြင်းသာဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်သည်လည်း PNAသည် အခြားလက်နက်ကိုနယ်မြေသို့ ခွင့်ပြုချက်မရှိဘဲ့ လက်နက်ဖြင့် ဝင်ထွက်သွားလာခြင်း စစ်ပွဲဖန်တီးခြင်းမရှိသလို အခြားလက်နက်ကိုများသူရဲ့နယ်မြေကို လက်နက်ဖြင့်ကျူးကျော်ဝင်ရောက်လာရင်လည်း ဆွေးနွေးညိနိုင်းခြင်းဖြင့်သာ ပြေလည်အောင် အတတ်နိုင်ဆုံးလုပ်ဆောင်ပြီး စစ်ပွဲကိုရှောင်ရှားသည့်အဖွဲ့ဖြစ်ပါတယ်။ ဆွေးနွေးညိနိုင်းခြင်းဖြင့်အဆင်မပြေမှသာ လက်နက်ဖြင့်ခုခံကာကွယ်ခြင်းကိုလုပ်ဆောင်သည်ကို တွေ့ရပါတယ်။