အိမ်ပေါ်ထိလာပြီးဖမ်းဆီး၍ လက်နက်ပြခြိမ်းခြောက်ကာ အတင်းအဓမ္မစစ်ထဲဝင်ခိုင်းပြီး ရှေ့တန်းသို့တန်းလွှတ်နေကြောင်း ဖမ်းဆီးရမိ အကြမ်းဖက် PNLO အဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
ကျနော်လိုပဲ ရွာသားတွေ အများကြီး အဖမ်းခံရတယ် အကြမ်းဖက် PNLO အဖွဲ့က ဖမ်းပြီးရင် လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းထွက်ခိုင်းတယ်။
တစ်ချို့ကလွတ်အောင်ထွက်ပြေးကြတယ်။
တချိုကျတော့ ထွက်ပြေးရင်း အသက်ဆုံးရှုးခဲ့ရတယ်။
အကြမ်းဖက် PNLO အဖွဲ့က ရွာသားတွေကို ဓားစာခံသဘောထားပြီး လက်နက်နဲ့ အနိုင်ကျင့်တော့ ရွာသားတွေ မခံနိုင်ကြဘူး တချို့မသွားရဲဘူး။ အတင်းသွားခိုင်းတယ်။ စစ်ပွဲလည်းမလိုချင်တော့ဘူး။ အရင်လိုပဲ ငြိမ်းချမ်းချင်တယ်။

