တရားခံ ၅ ယောက်နဲ့ လူ ၃ မျိုး

မန္တလေး၊ တံတားဦးဂိတ်မှတစ်ဆင့် တရားခံ ၅ ယောက်၊ လက်နက် ၃၉ လက် မိတဲ့ဖြစ်စဉ်ကို ပြန်ကြည့်မယ် ဆိုရင် လူ ၃ မျိုး ၃ စား တွေ့ရတယ်။

(ပထမ)အမျိုးအစားကတော့ ဘာနိုင်ငံရေးခံယူချက်မှ မရှိဘဲ ငွေကြေးရလိုမှုတစ်ခုတည်းသာ သိတဲ့သူမျိုး။ ပိုက်ဆံရလို့ ကားမောင်းလိုက်ပိုပေးတဲ့ ဇော်အောင်သူနဲ့ မင်းဦးတို့လိုပေါ့။

(ဒုတိယ)အမျိုးအစားက NUG ရဲ့ အကြောက်တရားနဲ့ ထိန်းချုပ်ခံထားရတာဖြစ်ဖြစ်၊ ကြောက်လို့ဖြစ်ဖြစ် လူသတ်လက်နက်တွေကို ဝယ်ယူပို့ဆောင်(လက်နက်ပွဲစား)နေတဲ့ NUG ဘက်တော်သားတွေ ဖြစ်တယ်။ ထွေးထွေးခိုင်နဲ့ မျိုးအောင်တို့လိုလူစားမျိုး။ ဒီလိုကောင်တွေကို ထိထိရောက်ရောက် အရေးယူမှ တော်ကာ ကျမယ်။

(တတိယ)အမျိုးအစားက နေရာတစ်ခုမှာ Base ထိုင်ပြီး နယ်စပ်က အလီလီပို့လိုက်တဲ့ လက်နက်/ခဲယမ်း တွေကို စုထားပြီး လိုချင်တဲ့ပမာဏရမှ အကြမ်းဖက် PDF တွေထံ ပို့ဆောင်ပေးတဲ့သူမျိုး။ အဲလိုလူမျိုးကတော့ ပြည်ကြီးတံခွန်မြို့နယ်မှာ “အောင်ခိုင်နဲ့ ညီများ မှန်လုံကားဘော်ဒီ၊ ဖရိန်လုပ်ငန်း” ဆိုင် ဖွင့်ထားတဲ့ အောင်ခိုင်လိုလူမျိုး။ သူကတော့ တကယ့်အဖျက်သမားပဲ။ ပြည်သူလူထုနဲ့ မြိုရွာတွေကို ဖျက်ဆီးမယ့် လူယုတ်မာ အကြမ်းဖက်ကောင်ပဲဖြစ်ပါတယ်