လက်ရှိ AA အကြမ်းဖက်သမားများကြောင့် နေရပ်တွင် စွန့်ခွာ၍ မရနိုင်သူများရှိနေသလို စီးပွားရေး ငွေရေး ကြေးရေးမှစ၍ စားသောက်ရေးပါ ခက်ခဲနေတဲ့ ရခိုင်ပြည်သူအများစုက AA ကို ထောက်ခံကြသူတွေ မရှိတော့ပါဘူး…
ပြည်တွင်း တစ်ဖက်ပိတ် လော်ဘီမီဒီယာတွေကပါ အမှန်အတိုင်း ထုတ်ပြန်ရလောက်တဲ့ အထိ AA ရဲ့လုပ်ရပ်တွေက ဆိုးဝါးနေခဲ့တာဖြစ်ပါတယ်…
နိုင်ငံတကာ ရိုဟင်ဂျာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ တပ်မတော်ကို အပုပ်ချထားတဲ့ မဟုတ်မမှန် အချက်တွေပါသလို AA အပေါ်ဖိအားပေးဖို့နဲ့ ရိုဟင်ဂျာအရေးကို ပီပီသသ လှုပ်ရှားပေးကြဖို့ တောင်းဆိုထားကြတာပဲဖြစ်ပါတယ်
သူတို့ပြောထားတဲ့ အချက်တွေထဲက ကိုယ်ချင်းစာမှုနည်းပါးတဲ့ အချက်တစ်ခုကတော့ ၁၀၂၇ ဖြစ်ရပ်ကို အောင်မြင်တဲ့အရာတစ်ခုအနေနဲ့ ရေးသားထားတာဖြစ်ပြီး ရိုဟင်ဂျာတွေလိုပဲ ရှမ်းမြောက်က အကြမ်းဖက်သူပုန်တွေပြုလုပ်မှုကြောင့် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ၊ အိမ်ခြေမဲ့သွားတဲ့ တိုင်းရင်းသားပြည်သူတွေကို စာနာထောက်ထားခြင်း အလျဉ်းမရှိတဲ့ ရေးသားမှုမျိုးကို ပြုလုပ်ထားတာပဲဖြစ်ပါတယ်
ရှမ်းမြောက်တိုက်ပွဲများတွင် စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီးပြုလုပ်ခဲ့ကြတဲ့ သူတို့ပြောတဲ့ အားတက်ဖွယ်လုပ်ရပ်တွေက စစ်ကိုခေါ််ဆောင်လို့ မိသားစုများစွာပြိုပျက်ခဲ့ရတဲ့ အဖြစ်မှန်ကိုတော့ လုံးဝထည့်သွင်းရေးသားခဲ့ခြင်း မရှိပါဘူး။
လက်ရှိထုတ်ပြန်ချက်က AAကို ဖိအားတစ်ရပ်ဖြစ်စေတာမှန်ပေမယ့် ပါဝင်တဲ့ အကြောင်းအရာတွေကတော့ အတော်လေး တစ်ဖက်စောင်းနင်းနိုင်နေတာကို တွေ့ရတာပဲဖြစ်ပါတယ်…
#ရှင်ယွန်း









