မေလ ၂၁ ရက်နေ့ မှုခင်းသတင်းများ

-မေလ ၁၉ ရက် ၂၁၃၀ နာရီတွင် သာပေါင်းမြို့နယ်၊ ဝါးယားကျေးရွာအနီး (ဒေသအခေါ်-ဟိုင်းချောင်း)၌ နေထိုင်သူ ဦးမြင့်သိန်း(၆၃)နှစ်သည် မိသားစုဝင်များနှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ ၅ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမြင့်သိန်းတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ။

-မေလ ၂၀ ရက် ၁၄၀၀ နာရီတွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ဝင်းဇမ္ဗူ” စက်မှုလက်မှုအလုပ်ရုံ(တွင်ခုံ)သို့ PDF အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးသည် ယာဉ်အမှတ်၊ 3L/2171 Honda Fit(အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး “ဝင်းဇဗ္မူ” စက်မှုလက်မှုအလုပ်ရုံပိုင်ရှင် ကျော်မင်းသန့်(ခ)ဖိုးသား(၄၃)နှစ်အား သေနတ်ဖြင့် ပစ်ခတ်၍ ၎င်း၏ အစ်မဖြစ်သူ ဒေါ်သီတာခိုင်(၄၅)နှစ်အား ရွာထောင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ကျော်မင်းသန့် (ခ)ဖိုးသားတွင် ယာပေါင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

-မေလ ၂၀ ရက် ၁၂၁၅ နာရီတွင် အကြမ်းဖက် သူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံးသည် ဝိုင်းမော်မြို့နယ်၊ ခတ်ချို(ကွက်သစ်)ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ၎င်းကျေးရွာနေ မကေသွယ်ခိုင်(၁၉)နှစ်၊ ဦးကျော်ဦး၊ ဒေါ်ငုလေး ၊ စိုင်းလင်းခန့်၊ ဇွဲမာန်အောင်နှင့် (စိစစ်ဆဲ) ကျား ၁ ဦးတို့ ၆ ဦးတွင် လက်နက် ကြီးကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မောင်ဇော်မျိုးဝင်း(၂၈)နှစ်၊ ဒေါ်တင်မာ(၅၅)နှစ်၊ အောင်မင်းထွန်း (၂၅)နှစ်၊ မမိအဲ(၂၅)နှစ်တို့ ၄ ဦးတွင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကာ ဦးမောင်ဆင့်(၅၂)နှစ်၊ ဒေါ်မြင့်ဌေး(၅၂)နှစ်၊ မယမင်းရွှေစင်(၈)နှစ်၊ မသဇင်ဝင်း(၂၅)နှစ်၊ မကျော့ကေခိုင်(၁၉)နှစ်၊ ဦးပိုက်(၇၂)နှစ်၊ မကေသီသိမ့်(၂၃)နှစ်တို့ ၇ ဦးတွင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။