မေ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်
ဝိုင်းမော်မြို့ နယ်မြေခံတပ်ရင်းများသို့ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိ။
အင်အား အနည်းငယ်သာရှိတဲ့ ရှေ့တန်းကင်းစခန်းများကို ဆုတ်ခွာပြီး တပ်ရင်းဌာနချုပ်များ၊ အချက်အချာကျသည့် စခန်းများတွင် ပူးပေါင်းခံစစ်ဆင်လျက်ရှိကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲများ ဆုတ်ခွာခဲ့သည့်စခန်းများအား KIA မှ တိုက်ခိုက်သိမ်းပိူက်နိုင်ကြောင်း သတင်းများထုတ်ပြန်ပြီး ပြည်ပမီဒီယာများ အားကိုးဖြင့်စိတ်ဓာတ်စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။
မြေပြင်ဖြစ်စဥ်အမှန်မှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် KIA များ ထိခိုက်ကျဆုံးများပြားနေပြီး သေဆုံးဒဏ်ရာ ရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ ကို မီဒီယာများပေါ်သိုမရောက်ရှိစေရန် အလောင်းကောက်အဖွဲများ သီးခြားတာဝန်ပေးပြီး လုပ်ဆောင်လျက်ရှိနေပါတယ်။
အလောင်းမကောက်နိုင်ဘဲ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတဲ့ ရွှေညောင်ပင်အနီး တိုက်ပွဲဖြစ်စဥ်တွင် လက်နက်ကြီးထိမှန်သေဆုံးနေသော KIA ၃ လောင်း၊ အေကေ(၄၇) ၁ လက်၊ ၄၀ မမဗုံးပစ်လောင်ချာ ၁ လက် သိမ်းဆည်းရမိခဲ့ပြီး မိမိစစ်သည် ၂ ဦး ဒဏ်ရာရခဲ့။
မြစ်ကြီးနားမြို့ နန်ပေါင်ရှိ နယ်မြေခံတပ်နှင့် ဗန်းမော်မြို့ ရှိ နယ်မြေခံဌာနချုပ်များအား KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲက ၁၂၀ မမ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့၊ မိမိဘက်မှ ထိခိုက်မှု မရှိဘဲ ရန်သူလာရောက်ပစ်ခတ်ရာ နေရာများအား လုံခြုံရေးတပ်ဖွဲဝင်များက နယ်မြေ ရှင်းလင်းလျက်ရှိ။
တနင်္သာရီတိုင်း
သရက်ချောင်းမြို့ နယ် ကျွဲမင်းကုန်းကျေးရွာဝန်းကျင်တစ်ဝိုက် အကြမ်းဖက်အဖွဲများ ခိုအောင်းနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းစဉ် ကျွဲမင်းကုန်းရွာ အနောက် တောင်ဘက်သို့ အရောက် အကြမ်းဖက် ၃၀ ဦးခန့်အား တွေ့ရှိသဖြင့် မိမိဘက်မှ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့။
PDF ၄ လောင်း၊ အမ်(၁၆) ၄ လက်၊ အမ်(၄) ၁ လက်၊ ကျည်အိမ် ၅ ခု သိမ်းဆည်းရမိခဲ့။
ချင်းပြည်နယ်
တွန်းဇံမြို့ တွင်း လုံခြုံရေးဆောင်ရွက်ရာနေရာ ၄ နေရာသို အကြမ်းဖက်သူအင်အား ၈၀ ဦးခန့်က Drone များဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိ။
အစိုးရကို ဆန့်ကျင်နေသော မီဒီယာများတွင် တွန်းဇံမြို့ အား CNF အကြမ်းဖက်သမားများက သိမ်းပိုက်လိုက်ကြောင်း သတင်းများပြန့်နှံနေသော်လည်း မြေပြင်တွင် လုံခြုံရေးတပ်ဖွဲဝင်များက လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် ပြင်းထန်စွာ ချေမှုန်းတိုက်ခိုက်နေပြီး စစ်ကူစစ်ကြောင်းများ ဖြည့်တင်းပေးပြီး တုန့်ပြန်တိုက်ခိုက်လျက်ရှိကြောင်းသိရှိရ။