မေလ ၁၈ ရက်နေ့တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်သို့ နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က ၈၂ မမဖြင့် ၆ လုံးပစ်ခတ်ခဲ့ရာ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား ၃ ဦးသေဆုံး၍ အရပ်သူ/သား ၈ ဦး(မစိုးရိမ်ရ)ဒဏ်ရာ ရခဲ့ပြီး ဆေးရုံသို့ရောက်ရှိ ဆေးကုသမှုခံယူလျက်ရှိ။

ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာအား ပြန်လည်တိုက်ခိုက်ရန် ထွက်ခွာလာစဉ် ကျေးရွာအနီးသို့အရောက် KIAနှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က Drop Bomb၊ လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ KA ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိ။

ရှမ်းပြည်နယ်
ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာအနီးသို့ နေရာ ၂ နေရာမှ KNDF/PNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး KNDF/PNLA ၁ လောင်း၊ အမ်(၄) ကာဘိုင် ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၅ တောင့် သိမ်းဆည်းရမိ။

မွန်ပြည်နယ်

-ကျိုက်ထိုဒေသတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အင်္ဂပိုရွာ၏ အရှေ့မြောက်ဘက်သို့အရောက် KNLA တပ်မဟာ ၁ ၊ ရင်း(၃) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်အား တွေ့ရှိသဖြင့် မိမိဘက်မှပစ်ခတ်ခဲ့ရာ ရန်သူမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း လက်လုပ်သေနတ် ၁ လက်၊ အမ်(၁၆) ကျည် ၄၄ တောင့်၊ ယမ်းကြိုး ၂ ချောင်း၊ လျှပ်စစ်စနက်တံ ၃ ခု၊ ပြောက်ကျားယူနီဖောင်း ၃ စုံ သိမ်းဆည်းရမိခဲ့။

-နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးတစ်ဝိုက် အခြေပြုနေသော TNLA/PDF အကြမ်းဖက်သမားများအား လုံခြုံရေးစစ်ကြောင်းများက မေလ ၁၃ ရက်နေ့မှ စတင်ပြီး ဝိုင်းဝန်းပိတ်ဆို့ချေမှုန်းခဲ့ရာ မေလ ၁၈ ရက်​​နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ရန်သူဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက် လေကြောင်းပစ်ကူဖြင့် လိုက်လံတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းလျက်ရှိရာ မေ ၁၈ ရက် ညနေပိုင်းထိ ကျား ၃ လောင်း၊ Type-81 ၁ လက်၊ အမ်(၂၂) ၁ လက်၊ အမ်အေ(၁၀) ၂ လက်၊ အမ်အေ(၁) ၃ လက်၊ အမ်အေ(၂) ၁ လက်၊ အမ်အေ(၃) ၁ လက်၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၅၃ လုံး၊ ကျည် ၇၀၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ယူနီဖောင်း ၉ ထည်၊ ကျောပိုးအိတ် ၆ လုံး၊ ကျည်ကာဦးထုပ် ၂ လုံး၊ ဖြူးစ် ၂၈ ခု၊ ဖြူးစ်အကူ ၃၂ ခု၊ Drone Jammer ၁ ခု၊ Drone Guard ၁ ခု သိမ်းဆည်းရမိ။

တိုက်ပွဲသတင်းစုံ