ဟိုပုံးကျောင်းနဲ့ပတ်သက်ပြီးဘာကြောင့် ဒီလို တလွဲတွေတင်နေရသလဲဆို ဟိုပုံးကျောင်းအုပ်ကြီးက လက်သံပြောင်ပြောင်ဗြင်းထားလို အပုတ်ချသတင်းတွေတင်တာလေ။
ဟိုပုံးကျောင်းအုပ်ကြီးက ဘယ်လိုတွေဗြင်းထားလဲဆိုတော့—ပင်လုံ ဆနင်းကျေးရွာဘက်မှာ Type-81 သေနတ် ၄၉၉ လက်နဲ့ ခဲယမ်းကို ဖမ်းခဲ့တယ်။
နောက်ဖြစ်စဥ်တစ်ခုက—–စံဖူး(လုံးဟီး)ရွာမှာ PNLA အဖွဲ့တွေ တရားမ၀င် ခိုး၀ှက်သယ်လာတဲ့ လက်နက်ငယ် ၅၀၄ လက်၊
RPG ၁၀ လက်၊ ရှော့တိုက်ဒုံးတွေနဲ့ ခဲယမ်းမျိုးစုံကို လက်စွမ်းပြထပ်ဖမ်းခဲ့တယ်။
ဒီလိုတွေ လက်စွမ်းပြတဲ့အတွက် အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အားပေးမီဒီညာတွေက ကြည့်မရတော့ဘူး။
ဒီဖြစ်စဉ်တွေအပြင် နောက်ထပ်သူထဲရင်ထဲကို ဆူးတစ်ချောင်းထပ်၀င်လာတာရှိသေးတယ်။
အဲဒါကတော့ ပြည်သူ့စစ်မှုထမ်းသင်တန်းသားတွေ အဲဒီကျောင်းမှာ ပျော်ပျော်ရွင်ရွှင်နဲ့ အဆင့်အတန်းမြင့်မြင့် သင်တန်းတက်နေကြတာကို မနာလိုမရှုစိမ့်တွေဖြစ်ကုန်တယ်။
ဟိုပုံးကျောင်းအုပ်ကြီးရဲ့ စိတ်နေသဘောထား ကောင်းမွန်မှုကြောင့် သင်တန်းကျောင်းမှာရှိတဲ့သူတွေ အားလုံးအဆင်ပြေကြတယ်။
ဒီလို အင်အားများများစည်းလုံးမှုရှိနေတာကို သွေးခွဲဖို့အတွက် အောက်တန်းကျတဲ့ အောက်လုံးထိုးနည်း ကလေးအထာတွေနဲ့ ပြည်ဖျက်ခေတ်သစ်မီဒီယာက ဖွနေတာ။
ဒီကောင်တွေ ဒီလိုတွေရေးတာမြင်တော့ ဒီကောင်တွေ စိတ်ထဲမှာ ဟိုပုံးကျောင်းအုပ်ကြီးရဲ့ လုပ်ဆောင်ချက်တွေကို ကြောက်နေတယ်လို့ ယူဆရတယ်။
မကြောက်ပါနဲ့ နောက်လည်း ဒီထပ်လက်စွမ်းပြဦးမှာပါ။
ခွေးဟောင်တိုင်း ထကြည့် အိပ်ရေးပျက်တယ် အဘရေ။
နောက်ထပ်သတင်းကောင်းတွေ ကြားရဖို့ စောင့်မျှော်နေပါတယ်။
CRD/