နေရသမျှ အခိုက်လေးမှာ
မိမိရဲ့စိတ်ကျန်းမားရေးဟာ
ဘယ်အကြောင်းကြောင့်နဲ့မှ
အထိခိုက်မခံကြဖို့လိုပါတယ်။
စိတ်ချမ်းသာနေရင်
ဘဝဟာအရာရာပြည့်စုံပါတယ် ။
စိတ်ကြည်လင်နေရင်
စားရတာလည်းအဆင်ပြေသလို
လုပ်ရ သွားရတာတွေဟာလည်း
ပိုအဆင်ပြေပါတယ် ။
မိမိစိတ်ဟာ ညိုးနွမ်းနေရင်
ရုပ်လည်း ပင်ပန်းရပါတယ် ။
ဒါကြောင့်….စိတ်ကို
ဆင်းရဲစေတတ်တဲ့အတွေးနဲ့
ယှဉ်မထားမိအောင်ကြိုးစားပါ ။
မကောင်းတဲ့စိတ်ခံစားချက်
ဝေဒနာတွေကိုလည်း
မိမိရဲ့စိတ်နှလုံးအိမ်ထဲမှာ
နေရာမရအောင် ကြိုးစားပါ ။
အမြဲသတိထားပြီးတော့
စိတ်ပူလောင်စေတဲ့အရာတွေကို
ပါယ်ရှာပေးနေဖို့ လိုပါတယ် ။