မွန်ပြည်နယ် ဘီးလင်းမြိုနယ်နှင့် သထုံမြို့နယ်အစပ် ကျုံအိတ်တံတားအား KNU တပ်မဟာ ၁ နဲ့ PDF အဖွဲတွေက မေလ ၁၁ ရက်နေ့ မနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက် ဖောက်ခွဲဖျက်စီးခဲ့သည့်အတွက် ကွန်ဂရိတံတားတစ်ခြမ်းနှင့် ဘေလီတစ်ခြမ်းပါ ပြိုကျပျက်ဆီးသွားခဲ့ပြီး ယာဥ်လမ်းကြောင်းမှာ ယနေ့အထိ ပြတ်တောက်နေဆဲဖြစ်ပါတယ်။
သောင်းကျန်းသူများနှင့်အကြမ်းဖက်သမားများ၏ ဖောက်ခွဲမှုကြောင့် တံတား၏ ကမ်းကပ်ခုံပြိုကျပျက်စီးသွားခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ လူနှင့် ကုန်စည်စီးဆင်း သွားလာမှုမပြတ်တောက်ရန် လမ်းဦးစီးအဖွဲ့နှင့် ရွှေသံလွင်ကုမ္ပဏီက ယာယီလမ်းလွဲပြုလုပ်နေသော်လည်း KNU မှ ယင်းနေရာသို့ ဒရုန်းဗုံးများဖြင့် နေ့စဥ်လာရောက်တိုက်ခိုက်နေသည့်အတွက် တံတားပြုပြင်မှုကို ဆက်လက်မလုပ်ဆောင်တော့ပဲ ခေတ္တရပ်ဆိုင်းထားရတယ်လို့သိရပါတယ်။ #Crd