ဆရာ/ဆရာမများသို့ သတိပေးချက်

ကျောင်းအုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ အမှုထမ်းများအားလုံး မည်သည့်အခကြေးငွေကိုမှ ကောက်ခံခြင်းမပြုရန်နှင့် လက်ခံခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးကြေညာထားပါသည်။ 

ဆရာဆရာမများ အနေဖြင့် ငွေကြေး၊ လက်ဆောင်ပစ္စည်းတစ်စုံတရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်း မပြုလုပ်ရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းကို ညွှန်ကြားချက်အတိုင်း စစ်ဆေးခြင်းများပြုလုပ်ရန် အသိပေးထားတယ်လို့သိရပါတယ်။ #Crd