၂၀၂၄ ခုနှစ် ၊မေလ ၁၂ ရက်နေ့ ၊ နံနက် ၁၁ နာရီခန့်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆယ်မိုင်ကုန်းအဆင်းတွင် ယာဉ်မောင်း(စိစစ်ဆဲ) 1J -7571 Honda Acty အဖြူရောင်ကားသည် ရန်ကုန်မှ ပဲခူးဘက်သို့မောင်းနှင်လာစဉ် ဘူးလယ်အင်းကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိပြီး လမ်းတစ်ဖက်ခြမ်းသို့ရောက်ရှိကာ ပဲခူး-ရန်ကုန် ဘက်သို့ ကိုရဲလင်းအောင် မောင်းနှင်လာသော 7M -3701 ၂၂ဘီး တွဲကား အဖြူရောင်ယာဥ်၏ ရှေ့ခေါင်းအား ထပ်မံတိုက်မိခဲ့သဖြင့် ၂၂ဘီးတွဲကား၏ ရှေ့ခေါင်းဝဲဘက်ခြမ်းရှိ ဘန်ကာ၊ခြေတက်ခုံ၊ဘောနပ်နှင့် ဘီးဖုံးတို့ ပျက်စီးခဲ့ပြီး 1J- 7571 ယာဥ်မှာ တိမ်းမှောက်သွားကာ ယာဥ်ပေါ်တွင်လိုက်ပါလာသည့် အမည်(စုံစမ်းဆဲ) ကျား(၂) ဦး ၊မ (၁) ဦး မှာ ဖြစ်စဥ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သတင်းရရှိသည်။

