ထန်းကုန်းရွာအားသွားရောက်ကူညီ

မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တောင်ငူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ဒေသခံပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့်မိသားစုဝင်များမှ တန်ဖိုးသင့် အသား၊ ငါး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များအား ရောင်းချပေးလျက်ရှိပြီး ထန်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့၍ ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ #Crd