မြန်မာ – တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်နှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်( Familiarization Trip– FAM Trip)တွင် လိုက်ပါလာ ကြသည့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၀ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရန်နှင့် တရုတ်ခရီးသွားဈေးကွက်တွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိလာစေရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာခရီးသွားအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြန်မာ – တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးရင်နှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip– FAM Trip)တွင် တရုတ်နိုင်ငံရှိ ပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်၊ ချုံချင့်၊ ချန်ဒူး အစရှိသော ဒေသများမှ ခရီးသွားအေဂျင်စီများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဌာနများနှင့် မီဒီယာများမှ ကိုယ်စားလှယ် ၄၁ ဦးတို့ လိုက်ပါလာကြပြီး မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင်စသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
crd//𝙈𝙃𝙏𝙉𝙀𝙒𝙎