ဘဝမှာ
အထင်အမြင်အမျိုးမျိုးနဲ့
မုန်းနေကြတဲ့သူတွေလည်းရှိမယ် ။
စေတနာကို နားမလည်လို့
တန်ဖိုးမထားတတ်လို့
စော်ကားကြတဲ့သူတွေလည်းရှိမယ်။
ကိုယ့်ဘုန်းကံမေတ္တာတရားနဲ့
လုံးဝ မထိုက်တန်လို့
လွဲသွားကြတဲ့သူတွေလည်းရှိမယ် ။
ဘယ်သူကိုမှ
အပြစ်မြင်နေစရာလည်းမလိုသလို
စိတ်မကောင်းဖြစ်ဖို့လည်းမလိုပါဘူး ။
သူများဘဝကို ဝင်ကြည့်မိရင်
ကိုယ့်စိတ်ဟာ ပင်ပန်းနွမ်းနယ်ရပါတယ် ။
မတိုက်ခိုက်ပဲ မေတ္တာထားပါ
အလိုလို ဘေးကိုလွင့်စင်သွားမှာပါ ။
စေတနာမပျက်ပဲ သည်းခံပါ
ကိုယ့်စေတနာက
ရောင်ပြန်ဟပ်ပြန်အကျိုးပေးမှာပါ ။
ဘယ်သူ မုန်းချင်မုန်းပါစေ
ဘယ်သူအသိမှတ်မပြုချင်နေပါစေ
ဂရုစိုက် ခံစားနေဖို့ မလိုပါဘူး ။
ကိုယ်ကောင်းနေသ၍တော့
ကိုယ့်ဘဝလည်း မြင့်မြတ်နေမှာဖြစ်လို့
စိတ်မငြိုးငြင်ပဲ လှမြဲလှစေပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏