မေလ ၇ရက်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီကြီးကြပ်၍ ရခိုင်ပြည်နယ်သို့ စားသောက်ကုန်၊ လူသုံးကုန်၊ စားသုံးဆီ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးများ၊ ပရိဘောဂနှင့် ထင်းအစားထိုးလောင်စာများ အပါအဝင် စုစုပေါင်းတန်ချိန် ၁၅၀၄.၄၃ အား စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်



