မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥
(သံတွဲမြို့)
သံတွဲမြို့နှင့် တောင်ကုတ်မြိုအစပ်ရှိ ရွေလှေကျေးရွာမြောက်ဘက် မီတာ ၁၈၀၀ တွင်ရောက်ရှိနေသည့် AA အကြမ်းဖက်အဖွဲ့အား တပ်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေး သွားကြောင်း သိရှိရသည်။
(အမ်းမြို့)
ယနေ့ ညနေပိုင်း ၃ နာရီခန့်က ဒလက်စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့အား AA အကြမ်းဖက်အဖွဲ့မှ စွေ့ချောင်းရွာဟောင်းမှနေ၍ လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လက်နက်ကြီးများဖြင့် ပြန်လည်ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း၊ ပွိုင့် ၂၉၉ စခန်းအား Drop Bomb များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပြီး ကဇူးကိုင်းဘုန်းကြီးကျောင်းအား AA အကြမ်းဖက်အဖွဲ့မှ ဒရော့ဗုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်း ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
(ဘူးသီးတောင်မြို့)
၆ မိုင်ရဲကင်းစခန်းနှင့် ဝါးခုတ်ချောင်းအနီးရှိ ကာကင်းစခန်းတို့အား AA အကြမ်းဖက်အဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ၆ မိုင်ရဲကင်းစခန်းအနီးစုဝေးနေသည့် AA အကြမ်းဖက်အဖွဲ့ဝင်များအား လေကြောင်းမှ တိုက်ရိုက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေရာများမှလွဲ၍ ကျန်နေရာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။