ဧပြီလ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ် အိုက်ဒိုင်ကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ကျေးရွာအတွင်း ရှင်းလင်းခဲ့ရာ ဘုန်းကြီးကျောင်းတွင်းမှ
- လက်လုပ်သေနတ် ၃ လက်
- လက်လုပ်မိုင်း ၁၇ လုံး
- တိုက်မိုင်း ၄ လုံး
- အိုင်ကွန် ၁ လုံး
- ပြောက်ကျားဦးထုပ် ၅ လုံး
- ဘက္ထရီအိုး ၄ လုံး
- လေ့ကျင့်ရေးဗူးစင် ၁ ခု
- တန်းစီကွင်း ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရ။


