နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကိုပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွားနှင့်အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက်ရှာဖွေနှိမ်နင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကိုအခြေချလုပ်ကိုင်ရာတွင် အသုံးပြုခဲ့ကြသည့် တရားမဝင်အဆောက်အအုံများ ပြန်လည်အသုံးမပြုနိုင်အောင်ကိုလည်း အပြီးတိုင်စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် တပ်မတော်စစ်ကြောင်းများက တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့၍ ပူးပေါင်းပါဝင်မှုနှင့်အတူ အွန်လိုင်းလိမ်လည်မှု…