နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိပါတယ်။
စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းသုံးရာ့လေးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ် သုံးဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

