အာရှ ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြောက်ကိုရီးယားအမျိုးသမီးအသင်းနဲ့ ဂျပန်အမျိုးသမီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြောက်ကိုရီးယားအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။
တတိယနေရာလုပွဲမှာတော့ သြစတြေးလျအသင်းက တောင်ကိုရီးယားကို (၁-၀)နဲ့ အနိုင်ရပြီး တတိယဆု ရရှိသွားပါတယ်။
အာရှ ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ မြောက်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျနဲ့ တောင်ကိုရီးယားအသင်းတိုကတော့ ကိုလံဘီယာနိုင်ငံမှာ ကျင်းပမယ့် (၂၀၂၄) ဖီဖာ ကမ္ဘာ့ဖလား ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်။ #Crd



