မတ်လ ၁၄ ရက်နေ့၌ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအဝင်ရှိ လက္ဘက်ရည်ဆိုင်အား PDF များက အခြေပြုကာ စခန်းအဖြစ်နေထိုင်ကြောင်းသတင်းရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ရာတွင် PDF အဖွဲ့များ ထွက်ပြေးသွားသဖြင့် နေရာအားရှင်းလင်းခဲ့ရာ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၃ ခု၊ ရီမု ၁ ခု၊ ကား ၂ စီး၊ Monywa Netsoe ဘက်တံဆိပ် ၁၂ ခု၊ ပြည်သူ့ကာကွယ်ရေးတံဆိပ်ပါဘက်တံဆိပ် ၁၀ ခု၊ မုံရွာခရိုင်အမှတ်-၂၂ တပ်ရင်း တံဆိပ်ပါ ၁၀ ခု၊ ကြယ်တံဆိပ် ပါဘက်တံဆိပ် ၁၀ ခု၊ပြောက် ကျားလည်တိုဖိနပ် ၆ ရံ၊ ကင်း ပတ်ဖိနပ် ၆ ရံ၊ ပြောက်ကျား ဦးထုပ် ၂ လုံးတို့သိမ်းဆည်းရရှိခဲ့ခြင်းကို DVB နှင့် Ayeyarwaddy Times တိုမှ ဗြောင်လိမ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်တွေမီးရှို့တယ်ဆိုပြီး အများပြည်သူများအထင်မှားအောင် အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

