မြောက်ကိုရီးယား အမြောက်တပ်များ၏ ပစ်ခတ်မှုလေ့ကျင့်ခန်းကို သမ္မတ Kim Jung Un တက်ရောက်စစ်ဆေးခဲ့တယ်လို့ မတ်လ ၈ ရက်ထုတ် နိုင်ငံပိုင်မီဒီယာ KCNA ကသိရပါတယ်။
ကျူးကျော်တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် အစမ်းလေ့ကျင့်မှုဟု သတ်မှတ်ထားသော အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို ဆန့်ကျင်သည့်အနေဖြင့် သင့်လျော်သော စစ်ရေးခြေလှမ်းများကို လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားအစိုးရက ကတိပြုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အဆိုပါ ပစ်ခတ်လေ့ကျင့်မှုများ ထွက်ပေါ်လာခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ #Crd




