သင်္ကန်းညီနောင် ခမရ (၃၅၅) ကျတယ်ဆိုတဲ့ သတင်းအမှား

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာရှိတဲ့ ခမရ (၃၅၅) တပ်ရင်း ကျသွားတယ်ဆိုပြီး လိုင်းပေါ်မှာ မဟုတ်မမှန် သတင်းတွေနဲ့ လုပ်ကြံဝါဒဖြန့်နေကြတာကို တွေ့နေရပါတယ်..
စုံစမ်းရရှိသော သတင်းအရ..
“ခမရ ၃၅၅ တပ်ရင်းကို အကြမ်းဖက် KNU/PDF တို့ လာတိုက်လို့ တိုက်ပွဲဖြစ်ပွားတာလည်း မှန်ပါတယ်..
အကြမ်းဖက် KNU/PDF တွေက ပထမအနေနဲ့ တပ်ရင်းကို Sniper နဲ့ လာပြီး ပစ်တယ်..မနေ့ညနေက တိုက်ပွဲဖြစ်တယ်..ဒီနေ့မနက်လည်း ဖြစ်နေတုန်းပဲ..စစ်ကူတွေလည်း ပေါင်းမိနေပါပြီ..လေယာဥ်ပစ်ကူလည်း ခဏခဏလာပစ်ပေးနေပါတယ်..တပ်ရင်းကျတယ်ဆိုတာတော့ မဟုတ်ပါဘူး၊ ယခုချိန်ထိ ရန်သူကို ခုခံကာကွယ်နေဆဲပါ “လို့ နယ်မြေခံတပ်ရင်း အရာရှိတစ်ဦးထံမှ သိရပါတယ်..။ #Crd