မြင့်မြတ်တဲ့စိတ်ဓာတ်များမွေးမြူနိုင်ကြပါစေ.

ကိုယ် ကိုယ်တိုင် မြင့်မြတ်တဲ့သူ ဖြစ်ချင်ရင် မြင့်မြတ်တဲ့ စိတ်ဓာတ်ကို မွေးပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အဲဒီမြင့်မြတ်တဲ့ စိတ်နေသဘောထားတွေကို အခြေခံပြီးတော့

မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်ပါ။
မြင့်မြတ်တဲ့အလုပ်တွေကို လုပ်ရင် ကိုယ်ဟာ ပိုက်ဆံမရှိဘူး။ မချမ်းသာဘူး ဆိုနေပါစေ။
ရာထူးမကြီးဘူးဆိုလည်း နေပါစေ။

ကိုယ်ဟာ အောက်တန်းကျတဲ့ စိတ်နေသဘောထားရှိတဲ့သူ မဖြစ်လို့ရှိရင်
ကိုယ်ဟာ မြင့်မြတ်သူပဲ ဖြစ်ပါတယ်ဆိုတဲ့

မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာယူပြီး

ကြာပန်းမှာ ကြာပင် တစ်ပင်လုံးမှာ ကြည့်လိုက်ရင်

ကြာပန်းဟာ အပြစ်ကင်းစင်တဲ့ သန့်စင်မွန်မြတ်တဲ့ အရာဖြစ်သလို

လူတွေမှာလည်းပဲ အမွန်မြတ်ဆုံးက မြင့်မြတ်တဲ့ စိတ်နေသဘောထားသာလျှင် ဖြစ်တယ်လို့

မြင့်မြတ်တဲ့ စိတ်နေသဘောထားရခြင်းအားဖြင့်

ကိုယ့်ကိုယ်ကို ကြာပန်းသဖွယ် နှစ်သက်ဖွယ်ဖြစ်အောင် မြင့်မြတ်သူဖြစ်အောင်

သတိဆောင်ပြီးတော့ ကြိုးစားအားထုတ်နိုင်ကြပါစေ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏