ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အမေရိကန်အစိုးရက မြန်မာနိုင်ငံမှကျောင်းသားများအတွက် မတူကွဲပြားခြင်းနှင့် အားလုံးပါဝင်ရေးဆိုင်ရာ ပညာသင်ဆုအစီ အစဉ်မိတ်ဆက်ပွဲကိုကျင်းပခဲ့ပြီး အဆိုပါအစီအစဉ်အရ မြန်မာကျောင်းသားလူငယ်တစ်ထောင်ကျော်ကို ပညာသင်ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
ငါးနှစ်တာစီမံကိန်းဖြင့်ပြုလုပ်သည့် အဆိုပါအစီအစဉ်၌ ထိုင်းအပါအဝင် ဒေသတွင်းရှိနိုင်ငံများမှ တက္ကသိုလ်များ၏ဘွဲ့များသာမက အမေရိကမှအရီဇိုးနားတက္ကသိုလ်ရှိ အွန်လိုင်းသင်ခန်းစာများကိုပါလေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်းလည်းသိရပါတယ်။ #Crd