ဖေဖော်ဝါရီ ၂၇ ရက်
လူမှုကွန်ရက်စာမျက်နှာတွေနဲ့ အင်တာနက် Website တွေမှာ လာမယ့် မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်များ ထွက်ရှိမယ်ဆိုတဲ့သတင်းမှာ မဟုတ်မမှန် ကောလာဟလ သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားပါတယ်…။ ဒီလို မဟုတ်မမှန် သတင်းတု၊ သတင်းမှားတွေကို ဝိသမလောဘသမားတွေက ငွေကြေးဈေးကွက် ကမောက်ကမဖြစ်အောင်၊ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။ #Crd


