ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချူပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၀)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှုတွင် တတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်း အသင်းခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် ကမ်းရိုးတမ်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း အသင်းခေါင်းဆောင်တို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
(က)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှု အကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ (ခ)အဆင့် အသင်းလိုက် အထူးဆု – ၂ ရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အထူးဆု – ၁ ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၂)စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ် (၁) စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်း၊ ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်းနှင့် (က)အဆင့် အသင်းလိုက် အထူးဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချူပ် ကိုယ်စားပြုရဲတီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချူပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချူပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်…
