ဇန်နဝါရီ ၂၃ရက်နေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒဲလက်စ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာလည်း အင်တာမိုင်ယာမီတို့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဒဲလက်စ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်း (၃) မိနစ်ကတည်းက သွင်းယူခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ လာမည့် ဒီရာသီအတွက် မက်ဆီ၏ ဘာစီလိုနာမှ တွဲဖက်ကစားဖော်ဖြစ်သည့် ဆွာရက်စ်ကို ခေါ်ယူထားပြီး မက်ဆီနှင့် ဆွာရက်စ်တို့၏ တွဲလုံးများကို ပရိသတ်များက များစွာမျှော်လင့်ထားကြသည်ကို တွေ့ရပါတယ်။
လက်တွေ့အခြေအနေတွင် အသင်း၌ ယင်းတို့ကို ထောက်ပံ့ဖန်တီးပေးမည့်ကစားသမားမရှိဘဲ ကစားကွက်ကို ကိုယ်တိုယ်ဖန်တီး ကစားနေရကာ တစ်သင်းလုံး၏ တာဝန်ကို နှစ်ယောက်တည်းထမ်းထားရသည့်ပုံစံမျိုးကိုလည်း မြင်တွေ့နေရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ခြေစမ်းပွဲ (၂) ပွဲ ကစားပြီးချိန်တွင် (၁) ပွဲသရေ (၁) ပွဲရှုံးနိမ့်ထားကြောင်း သိရပါတယ်။
