ဘီယာဖိုးမရှင်းသဖြင့် ဆိုင်တာဝန်ရှိသူမှ ရဲစခန်းသို့ အကြောင်းကြားစဥ် ၎င်းအမည်မသိ အမျိုးသားမှာ ယူဆောင်လာသော အိတ်အမဲအား ထားကာ ဘီယာဆိုင် အိမ်သာခြံစည်းရိုးကိုကျော်၍ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသူကျန်ခဲ့သည့် အမဲရောင်အိတ်အတွင်းမှ လက်လုပ်သေနတ် အတို ၁ လက်(ကျည်မပါ)အား တွေ့ရှိရပြီး၊ တာဝန်ရှိသူများမှ Golden Light ဘီယာဆိုင် ဝန်ထမ်းများအား စစ်ဆေးခဲ့ရာ ၎င်းအမျိုးသားမှာ အင်္ကျီ အပြာရောင်လက်ရှည်၊ ပုဆိုး ဝတ်ဆင်ထားပြီး ၎င်းစီးနင်းလာသော ၁၂၅ အနက်ရောင် ဆိုင်ကယ်တစ်စီးနှင့် ဂဟေဆော်သည့် ဝရိန်ပုံးတစ်ပုံးတို့အား ဆိုင်ရှေ့တွင် ထားခဲ့ကာ ဘီယာဆိုင်၏ အိမ်သာခြံစည်းရိုးအားကျော်၍ ထွက်ပြေးသွားကြောင်း သိရသည်။

