🍂 ကိုယ်ဟာ…
အနေထိုင်တော်တဲ့သူ ဖြစ်ပါစေ
ကဲ့ရဲ့တဲ့သူတွေ
ရှိနေဦးမှာပါ။
🍂 ကိုယ်ဟာ…
အမှားကင်းအောင် နေတတ်ပါစေ
စွပ်စွဲတဲ့သူတွေ
ရှိနေဦးမှာပါ။
🍂 ကိုယ်ဟာ…
သည်းခံနိုင်တဲ့သူ ဖြစ်နေပါစေ
စော်ကားတဲ့သူတွေ
ရှိနေဦးမှာပါ။
🍂 ကိုယ်ဟာ…
အပြုံးတွေနဲ့ နေတတ်ပါစေ
မုန်းတဲ့သူတွေ
ရှိနေဦးမှာပါ။
🍂 ကိုယ်ဟာ…
အလိုက်သိစွာ နေတတ်ပါစေ
အပြစ်ပြောတဲ့သူတွေ
ရှိနေဦးမှာပါ။
🍂 ကိုယ်ဟာ…
ဘယ်လောက်ပဲ ရိုးသားခဲ့ပါစေ
အထင်လွဲတာကို
ခံနေရဦးမှာပါ။
(သာရ ဂ ဝေ သီ)
