ဗုဒ္ဓဘာသာဝင်တွေ၊ ရခိုင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကို မနေ့က ဇန်နဝါရီလ ၁၄ရက်နေ့ ညပိုင်းမှာ AA အကြမ်းဖက်သောင်းကျန်းသူတွေက Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းတွေဟာ အခြားဘာသာထက် ဗုဒ္ဓဘာသာကို တမင် တကာဦးနှိမ်ချင်လို့ ဘုရားကျောင်းကန် စေတီပုထိုးတွေကို ခုလိုတိုက်ခိုက်ဖျက်ဆီးနေတာလို့ သုံးသပ်တွေ့မြင်လာရပါတယ်။

