မြတ်စွာဘုရား က ရယ်စရာအဖြစ်တောင် မုသာဝါဒ မပြောရဘူးတဲ့..
လူတွေရဲ့ နူတ်မှာ မိတ်ဆွေအချင်းချင်း ဂျင်းထည့်တတ်တယ်..
ပိသုဏဝါစာ လို့ခေါ်တယ်။ ကုန်းတိုက်ပြောဆိုခြင်းကို ဆိုတယ်။
ငါနဲ့ မိတ်ဆွေ ကွဲသွားအောင် ကုန်းတိုက် ပြောဆိုခြင်းကို ငါမကြိုက်သလို သူတပါးလည်း ကြိုက်မှာမဟုတ်ဘူး။
ဖရုသဝါစာ..ကြမ်းတမ်းတဲ့စကား..ဆဲရေးတဲ့စကား..
ဆဲရေးခြင်းကမျိုးစုံရှိတယ်။
အသားမည်းပြီး ဝတာကို မည်းတုတ်လိုခေါ်ရင် ဆဲရေးတာပဲ..
ပုတယ်..ဝတယ်…နှာဗူး..အရူးလို့ ပြောတာ ဆဲရေးတာပဲ..
ငါ့ကို သူများက ဆဲရေးတိုင်းထွာရင်
ငါလည်းမကြိုက်ဘူး…
ငါမကြိုက်တဲ့ အရာ သူမကြိုက်တဲ့အရာဖြစ်တယ်။
သူမကြိုက်တဲ့ အရာကို ငါဘာလိုပြောရမလဲ လို့ ကိုယ်ချင်းစာတရားဖြင့် စဥ်းစားလိုက်ပါတဲ့..
နောက်တစ်ခုက…
သမ္ဖပ္ပလာပ..သိမ်ဖျင်းသောစကား..
မဟုတ်မမှန် ပြောဆိုတာ…အကျိုးမရှိ၊ အနှစ်သာရမရှိတဲ့စကား..
လူတွေရဲ့ အတွေးကို လွဲချော်သွားစေတဲ့ စကား…
အဲ့ဒီလို ကိုယ်ချင်းစာ တရားရှိတဲ့သူဟာ
မြတ်ဗုဒ္ဓအပေါ် နှစ်နှစ်ကာကာယုံကြည်တယ်..
တရားပေါ်၊ သံဃာအပေါ်
သီလကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်တယ်တဲ့..
ဒီအရည်အချင်းနဲ့ ပြည့်စုံသူဟာ
ကိုယ့်ကိုယ် ပြောချင်ရင်ပြောလို့ရတယ်တဲ့
ငါဘယ်တော့မှ အပါယ်ကျမည့် ပုဂ္ဂိုလ် မဟုတ်ဘူး..
အထက်မဂ်ဖိုလ်ရဖို့ ကျိန်းသေတယ်လို့ ပြောနိုင်တယ်တဲ့..
ကိုယ်ချင်းစာတရား ကနေ ရနိုင်တဲ့အကျိုးကျေးဇူး..
ဒီလိုဆိုလိုတာ။ 🙏🙏🙏
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ